"စူဠာမဏိဘုရား သန့်ရှင်းရေးအတွက် လုပ်အားပေး ကုသိုလ်ဒါန"

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်ဆီးခဲ့သော ပုဂံဒေသရှိ စူဠာမဏိဘုရားတွင် Htoo Group of Companies လက်အောက်ရှိ Aureum Palace Hotel & Resort - Bagan ဝန်ထမ်းမိသားစုများမှ ဒေသခံပြည်သူများနှင့်အတူ သန့်ရှင်းရေးအတွက် လုပ်အားပေး ကုသိုလ်ဒါန ပြုခဲ့ကြသည်။

Down to CSR

"ဂူနီညီအမဘုရား သန့်ရှင်းရေးအတွက် လုပ်အားပေး ကုသိုလ်ဒါန"

ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်ဆီးခဲ့သော ဂူနီညီအမ ဘုရားတွင် ပုံဂံဒေသရှိ ဟိုတယ်များမှ ၀န်ထမ်းများနှင့်အတူ Aureum Palace Hotel & Resort မှ ၀န်ထမ်းများက ပြိုကျခဲ့သော အုတ်ခဲကျိုးများ၊ အမှိုက်သရိုက်များအား သန့်ရှင်းရေးအတွက် သွားရောက် လုပ်အားပေးကူညီခဲ့ကြပါသည်။

Down to CSR

"ပုဂံငလျင်ကြောင့် ပျက်စီးသွားသည့် ဘုရားစေတီများ ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး အလှူတော်ငွေ သိန်း၅၀၀ ကျပ်"

ပုဂံငလျင်ကြောင့် ပျက်စီးသွားသည့် ဘုရားစေတီများ ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး အတွက် ရည်ရွယ်၍ အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားအား ပုဂံရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် ယနေ့ပြုလုပ်ခဲ့ရာ Htoo Group of Companies ၏အလှူတော်ငွေ သိန်း၅၀၀ ကျပ်အား ဥက္ကဌဦးတေဇကိုယ်စား Hotel Business Unit မှ ဒုတိယမန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးရန်နိုင်ထွန်းမှ လှူဒါန်းခဲ့ပါသည်။

Down to CSR

"ရေဘေးသင့် ကျေးရွာသူ ၊ ကျေးရွာသားများအား လှူဒါန်းခြင်း"

မိမိတို့ Hotel Business Unitမှ DY MD ဦးရန်နိုင်ထွန်း ဦးဆောင်၍ ဟိုတယ်ဝန်ထမ်းများနှင့်အတူ စုပေါင်းပြီး ညောင်ဦးမြို့ အမှတ်(၃)ရပ်ကွက် ဦးပဒုမ ဘုန်းကြီးကျောင်းတွင် သီးစုံပဲကုလားဟင်း၊ ဘာလချောင်ကြော်၊ ထမင်းဖြူ၊ ၊ ကြက်ဥထမင်းကြော် တို့ကို ရေဘေးအလှူအဖြစ် သွားရောက် လှူဒါန်းခဲ့ကြပါသည်။

Down to CSR

"မင်းဘ၀အတွက် လိုအပ်ချက်…… ……မေတ္တာသွေးဖြင်.အသက်ဆက်"

“မင်းဘ၀အတွက် လိုအပ်ချက်…… ……မေတ္တာသွေးဖြင်.အသက်ဆက်” ဟူသည့် ဆောင်ပုဒ်ဖြင့် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ၏ လမ်းညွှန်မှုဖြင့် ထူးကုမ္ပဏီများအုပ်စုမှ ၀န်ထမ်းများ၊ ဟိုတယ် Business Unit မှ ၀န်ထမ်းများနှင့် ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်မှ ၀န်ထမ်းများသည် ထူးဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့် ဇူလိုင်လ (၁၁)ရက်နေ့ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်ရှိ မင်္ဂလာခန်းမတွင် ဆောင် ရွက်ခဲ့သော ပရဟိတသွေးလှူဒါန်းပွဲတွင် ယူနစ်အသီးသီးမှ ၀န်ထမ်း (၁၂၇)ယောက်တို့၏ မွန်မြတ်စေတနာကို အထူကျေဇူးတင် ရှိကြောင်း လေးစားစွာဖြင့် ထပ်မံဖော်ပြအပ်ပါသည်။ ထူးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအတွင်းရှိ ဝေးလံခေါင်သီသော အရပ်ဒေသများအတွက် ကျန်းမာရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် အစွမ်းကုန်ဆောင်ရွက်လျက် ရှိနေပါသည်။

Down to CSR

"Donation to all Monks in Inle Region"

Donation to all Monks in Inle Region Aureum Palace Resort & Spa, Inle donated Rice, Medicine, Oil, etc to the monk from various monastery of Inle region. We all love to share our good deed to all of people.

Up to CSR